sentence_id int64 1 15.7M | text stringlengths 3 11.1k |
|---|---|
1 | ကျွန်တော် ငယ်စဉ်ဘဝလေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်။ |
2 | ကျွန်တော်တို့ မိသားစုက ဆင်းရဲပါတယ်။ |
3 | တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး။ |
4 | ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်။ |
5 | သူ့ပန်ကန်လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ သား စားလိုက်နော်။ |
6 | မေမေ သိပ်မဆာလို့ပါ။ |
7 | ဒါက ကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ။ |
8 | ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီး ငါးမျှားလေ့ ရှိပါတယ်။ |
9 | မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာ ဖြစ်ပါတယ်။ |
10 | တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်။ |
11 | ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်။ |
12 | ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်။ |
13 | ကျွန်တော် မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်။ |
14 | ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်။ |
15 | သားဘဲ စားပါကွယ် မေမေက ငါးမှ မကြိုက်တာ။ |
16 | ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း တစ်ဖြေးဖြေးနဲ ကျွန်တော့် ကျောင်းစရိတ်က ကြီးလာတယ်။ |
17 | မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံ အဟောင်းတွေ တောင်းယူလာတယ်။ |
18 | အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာ ပြန်ရောင်းပါတယ်။ |
19 | အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်။ |
20 | ကျွန်တော့် ကျောင်းစရိတ်ထဲ ထည့်ရပါတယ်။ |
21 | ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်။ |
22 | ကျွန်တော်က မေမေ အိပ်တော့လေ ညနက်နေပြီ။ |
23 | မနက်ကျမှ ဆက်လုပ်လို့ ရသားနဲ့ မေမေက ပြုံးပြီး ပြန်ပြောပါတယ်။ |
24 | သားလေးသာ သွား အိပ်ပါကွယ်။ |
25 | မေမေက မအိပ်ချင်သေးပါဘူး။ |
26 | ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ။ |
27 | ကျွန်တော် အတန်းတင် စာမေးပွဲ ဖြေမဲ့နေ့ မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်။ |
28 | ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်။ |
29 | စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော် ပြေးသွားတယ်။ |
30 | မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်။ |
31 | မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ။ |
32 | နေပူထဲ ရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကို ကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက သားဘဲ သောက်စမ်းပါ သားရယ်။ |
33 | မေမေက ရေမငတ်ပါဘူး။ |
34 | ဒါက မေမေရဲ့ ၄ ကြိမ်မြောက် လိမ်ညာမှု ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေ တစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ် တာဝန်ထမ်းရပါတော့တယ်။ |
35 | မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်။ |
36 | မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်။ |
37 | ငတ်လုနီးပါး ဖြစ်လာတယ်။ |
38 | အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်။ |
39 | အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်။ |
40 | ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်။ |
41 | တိုက်တွန်းကြတယ်။ |
42 | ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်။ |
43 | ကျွန်မ အိမ်ထောင်ရေးကို စိတ်မဝင်စားတော့ပါဘူး။ |
44 | အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး။ |
45 | ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ။ |
46 | ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့ အချိန်ရောက်ပြီ။ |
47 | ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ။ |
48 | ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်။ |
49 | မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ ငွေမလိုပါဘူး။ |
50 | မေမေ့ရဲ့ ၆ ကြိမ်မြောက် လိမ်ညာခြင်းပါ။ |
51 | ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့ အချိန်ပိုင်း ကျောင်းတက်ပါတယ်။ |
52 | မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ |
53 | လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင်ပါသေးတယ်။ |
54 | ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထများမှာကို မလိုလားတဲ့အတွက် ကျွန်တော် ခေါ်တာကို ငြင်းပါတယ်။ |
55 | မေမေ မလာတော့ပါဘူး သားရယ်။ |
56 | မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအဝိုင်းမျိုးမှာ နေသားမကျပါဘူး။ |
57 | မေမေ ပျော်မှာ မဟုတ်ပါဘူးကွယ်။ |
58 | မေမေရဲ့ ၇ ကြိမ်မြောက် လိမ်ညာခြင်းပါ။ |
59 | မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ။ |
60 | ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့ အိမ်ကို ပြန်လာခဲ့တယ်။ |
61 | မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ် ကုသမှု ခံထားရတယ်။ |
62 | အိပ်ရာပေါ်ကနေ မထနိုင်တော့ဘူး။ |
63 | ကျွန်တော့်ကို တွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်။ |
64 | ပိန်လှီပြီး အားနည်းဖျော့တော့နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး။ |
65 | မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်။ |
66 | မျက်ရည်တွေ အလိုလို ကျလာတယ်။ |
67 | မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်။ |
68 | မငိုပါနဲ့ သားရယ်။ |
69 | မေမေ မနာပါဘူး။ |
70 | မေမေ နေကောင်းပါတယ်။ |
71 | ဒါကတော့ မေမေရဲ့ ၈ ကြိမ်မြောက် လိမ်ညာခြင်းပါ။ |
72 | ၈ ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်။ |
73 | မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ။ |
74 | ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘောပေါက်မိပါတယ်။ |
75 | ကျွန်မတို့ရဲ့ အမေတွေကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြဖူးပါတယ်နော်။ |
76 | သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ။ |
77 | ကျွန်မတို့ ဘ၀ တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့ အခါခါ ကြုံခဲ့ကြဖူးပါလိမ့်မယ်။ |
78 | သားသမီးတွေဘက်ကရော အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ။ |
79 | ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ။ |
80 | ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လားရှင်။ |
81 | ကမ္ဘာပေါ်ရှိ အမေ အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်ရှင်။ |
82 | လိုကီအဖမ်းခံရာမှ လွတ်သွားမည် လား။ |
83 | အဖွဲ့ဝင်တွေကိုသတ်ပစ်မှာလား။ |
84 | ယခုလအတွက် တနင်္ဂနွေသားသမီးများ ယခုလအတွက် ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု များမည့်လ, ဖြစ်နိုင်တယ်။ |
85 | စိတ်သောက များရမယ်။ |
86 | စိတ်ဖိစီးမှုများမယ်။ |
87 | ၀န်ထမ်းများ ရာထူးတက်ကိန်း ရှိပေမယ့် အလွန်တာဝန်ကြီးတဲ့ နေရာတွေကို ယူရတတ်တယ်။ |
88 | လုပ်ငန်းခွင်ထဲမှာ ရန် အတိုက်အခိုက်ပေါ်မယ်။ |
89 | ငွေကြေးကံတော့ ကောင်းနေလိမ့်မယ်။ |
90 | တစ်ချို့ ထီပေါက်ကိန်း ရှိနိုင်တယ်။ |
91 | ဒါပေမယ့် ထီပေါက်ပြီးရင် Accident ဖြစ်နိုင်တယ်။ |
92 | ဒီလတစ်လလုံး စိတ်လေနေမယ်။ |
93 | ငွေကြေးကိစ္စ အသုံးထက် အဖြုန်းက များနေတတ်တယ်။ |
94 | လူမျိုးခြား ၊ ဘာသာခြား ဒုက္ခပေး ခံရ နိုင်တယ်။ |
95 | ဒီလထဲမှာ အိမ်ကို လူအိုလူမင်း ၊ ကျန်းမာရေး ချို့ယွင်းနေသူများ လာရောက်တည်းခိုလျှင် ကံမကောင်းလှတဲ့ နိမိတ် ဖြစ်တယ်။ |
96 | ကိုယ်ပိုင် လုပ်ငန်း လုပ်သူများ အလုပ်အကိုင်တိုးတက်ပြီး စီးပွားရေးမှာတော့ ထိခိုက်စရာ မရှိပါ။ |
97 | ထူးထူးခြားခြား ငွေဝင် ကိန်းများပင် ရှိနေပါတယ်။ |
98 | ကားဝယ်ရန် စီစဉ်နေသူများ ယခုလ ကားဝယ်ဖြစ်လိမ့်မယ်။ |
99 | မြေအရောင်း အဝယ် လုပ်သူများအတွက် ယခုလမှာ ကိုယ်ဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ဝင်နိုင်တယ်။ |
100 | ခရီးသွားရန် ကြံနေသူများ ခရီးစဉ် ပျက်ခြင်း (သို့) နှောင့်နှေးကြန့်ကြာနေခြင်းများ ဖြစ်တတ်တယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.